Monday, September 10, 2007

ပန်းနှင့်တူသောအချစ်

ချစ်သူသည် ပန်းပွင့်နှင့်တူသည်

သတိရတမ်းတချင်းသည် ပန်းရနံ့ နှင့်တူ၏ ။

ပန်းပွင့်မရှိတော်လဲ ပန်းရနံ့ သည်

သင်းပြန့်မွှေးကြိုင်နေတက်သေး၏။

A lover is like a flower.

Remembrance is like fragrance.

Fragrance will always exclude

Although there is no flower.

ဘ၀ ဒသန အဆုံးအမများ

J

ကိုက်ဘာကိုလုပ်ချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား သိပါ။

ပြီးတော့ လုပ်သင့်တာကို နေ့စဉ်လုပ်နေပါ။ အဲဒီလိုဆိုရင် တနေ၀င်တိုင်း ကိုယ်ရည်မှန်းချက်နဲ့

ပိုပြီးနီးလာတာတွေ့ရလိမ်မယ်…..။

အခက်အခဲနဲ့ တွေ့တဲ့အခါ ကံဆိုးလေခြင်းလို့ မတွေးပါနဲ့………

ဘာသင်ခန်းစာယူရမလဲ လို့ တွေးပါ။

ဘယ်ကိုဉီးတည်ပြီး သွားနေတယ်ဆိုတာက ဘယ်လောက်မြန်မြန် သွားနေတယ်ဆိုတာထက်

ပိုပြီးအရေးကြီးပါတယ်……။

အောင်မြင်မှူဆိုတာကို အခက်အခဲတွေကြားထဲမှာ ၀ှက်ထားတယ်…။

အ၀တ် အစားထက် မျက်နှာထားက ပိုအရေးကြီးပါတယ်….။

ဆရာတော်ဉီးဇောတိက…….

Friday, September 7, 2007

ချစ်သူများအတွက်

တရက် နှစ်ရက်

စသည့် ရက်လည်း

ကြွေပျက် ကုန်ဆုံးခဲ့လေပြီ။

တလ နှစ်လ

စသည့် လလည်း

ညိှးူလျ ကွယ်သုဉ်း ခဲ့လေပြီ။

တနှစ် နှစ်နှစ်

စသည့် နှစ်လည်း

ဟောင်းညစ် ပျက်ပြုံး ခဲ့လေပြီ။

သို့လျှင် ရက်ညောင်း လတို့ပြောင်း၍….

နှစ်ဟောင်း ကြွေကာ ကွယ်ခဲ့ပါလဲ…….

ကုန်ဆုံး……

ကွယ်သုံး…….

မပျက်ပြုံးမှာ…….

တို့အချစ်ပါ……

ချစ်သူရာ……..

Tuesday, September 4, 2007

လူငယ်နှင့်အတားအဆီးများ

ယနေ့ခေတ်ကို ပညာရှင်အသီးသီးကတော့ globalization ပဲပြောပြော….knowledge age လို့ပဲ ခေါ်ခေါ်…..IT age လို့ပဲ ဆိုဆို…ယနေ့ခေတ် လူ့လောကလူ့ဘ၀မှာ စိန်ခေါ်မှူ့တွေ အတားအဆီးတွေ အပြိုင်အဆိုင်တွေ အခက်အခဲတွေနဲ့ ပိုမိုရှူပ်ထွေးလာတာကတော့ အသေအချာပါပဲ။ ယနေ့ခေတ် လူ့လောကလူ့ဘ၀မှာ ရိုးသားမှူတွေ၊ ပုံမှန်ဖြစ်မှူတွေဟာတော့ ပျက်သုံးသွားခဲ့ရပါပြီ။ ၂၁ ရာစု၏ စိန်ခေါ်မှူတွေ ပြောင်းလဲမှူတွေကလဲ မြန်ဆန်ပြင်းထန်လွန်းလှပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီလိုမြန်ဆန်လှတဲ့ ပြောင်းလဲမှူတွေကို အချိန်မီသိပြီး ပြင်းထန်တဲ့ထိခိုက်မှူတွေမရှိအောင်၊ စိန်ခေါ်မှူတွေကို ရင်ဆိုင်ကျော်လွှားနိုင်အောင် ထူပေတာပေ ခံနိုင်ရည်ရှိပြီးထိခိုက်လွယ်ပျက်ဆီးလွယ် မဟုတ်တဲ့ ခေတ်နှင့်အညီ လိုက်လျောညီထွေရှိစေမယ့် ရော်ဘာပစ်တိုင်းထောင် ဖြစ်ဖို့လိုလာပါပြီနော်…..

ယခုလိုအချိန်မှာပဲ ကျွန်တော်တို့နိုင်ငံမှာလဲ ကိုယ်ထူးကိုချွန်နဲ့ ကိုယ်အားကိုကိုးပြီး ကိုယ်ဘ၀ရည်မှန်းချက်ကို အကောင်အထည်ဖော် ကြိုးစားနေကြသူတွေ အများအပြားရှိနေကြပါပြီ။ အခုခေတ် လူငယ်တွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှူရေး နယ်ပယ်တွေမှာ အမြင်တွေကျယ်လာကြပြီး အတွေးအခေါ် အယူအဆတွေ အထွေထွေဗဟုသုတတွေ တိုးတက်သစ်လွင် ပြောင်းလဲလာခဲ့ကြပြီး ၂၁ရာစုရဲ့ စိန်ခေါ်မှူတွေကို ရင်ဆိုင်ဖြေရှင်း နိုင်အောင် ကြိုးစားနေကြပါတယ်။

ကျွန်တော် စာအုပ်တအုပ်မှာ ဖတ်ဖူးတာက ဘ၀ ဆိုတာ ပါဠိစကား ဘူ ကနေ ဆင်းသက်လာတဲ့စကားပါ။

ဘူ ဆိုတာ ပါဠိကိုမြန်မာပြန်ရင် ကြီးပွားတိုးတက်အောင်မြင်ခြင်း လို့ အဓိပ္ပါယ် ပေါ်ပါတယ်။ ဒါကြောင့် လူ့ဘ၀ရလာကြတဲ့ ကျွန်တော်တို့ လူငယ်အားလုံး မိမိတို့ရဲ့ ဘ၀မှာ ကြီးပွားတိုးတက်အောင်မြင်အောင် ကိုယ်စွမ်း ဥာဏ်စွမ်း အားလုံးကို အသုံးချ ပြီး ဘ၀ရဲ့ အဓိပ္ပါယ်ကို စိတ်ကျေနပ်မှူ အကောင်းဆုံးရအောင် အ တူတူ ကြိုးစားကြမယ်နော်။

သူငယ်ချင်းတို့ရေ "Life is Struggle" ဘ၀ဆိုတာလှူပ်ရှားရုန်းကန်ခြင်းပါ တဲ့။ ဘာကြောင့် လှူပ်ရှားရုန်းကန် ရတာလဲ ???......အဖြေကရှင်းပါတယ် ….ဘ၀မှာ အခက်အခဲ အတားအဆီး တွေ ရှိနေလို့ပေါ့

ဒီအခက်အခဲ အတားအဆီးတွေကို ဖြေရှင်းကျော်လွှားဖို့ ရုန်းကန်ကျရမယ်လေ…နော်……. စိတ်ဓါတ် ခိုင်ခိုင်မာမာ နဲ့ပေါ့……………………….ဒီနေရာမှာအခက်အခဲကို အဓပ္ပါယ် ဖွင့်ပြချင်ပါတယ်….အခက်အခဲဆိုတာ နှစ်မျိုးရှိပါတယ်….။ တမျိုးက တခဏနှင့်ကျော်လွှားနိုင်သောအခက်အခဲ နှင့် နောက်တမျိုးက တဖြည်းဖြည်းခြင်းကျော်လွှားနိုင်သော အခက်အခဲ ဟူ၍ဖြစ်ရာ ……အခက်အခဲဟူသော အရာကို အဓိပ္ပါယ် ဖွင့်မည်ဆိုပါက ….အနှေးနှင့်အမြန် ကျော်လွှားနိုင်သောအရာကို အခက်အခဲဟုခေါ်ပါသည်…. သူငယ်ချင်းတို့ရေ….

Monday, September 3, 2007

ကျွန်တော်အိမ်က ပန်းတခိုင်

ပန်းလေးတွေကို အမည်တပ်ပေးပါ... သူငယ်ချင်းတို့ရေ........

Friday, August 31, 2007

ကျွန်တော်ရိုက်သောဓာတ်ပုံလေးများ

ဒီပုံလေးတွေကို နံနက်ခင်းနေထွက်ချိန် မှာရိုက်ထားတာလား?...ညနေစောင်း လထွက်ချိန် မှာရိုက်ထားတာလား?...ဘယ်ကနေရိုက်ထားတာလဲ?.........

ဒီဓာတ်ပုံလေးတွေရဲ့ ဖြစ်တည်ရာကို …….သိရင်…c box မှာ ဖြည့်ပေးနော်……

Wednesday, August 29, 2007

ကျွန်တော်နဲ့ စာပေ

အရင်ဉီးစွာ ကျွန်တော်နဲ့ စာပေ အကြောင်းမပြောခင်…..ကျွန်တော်ရဲ့ ငယ်ဘ၀ကို နည်းနည်းလောက် ပြောပြလိုပါတယ်။ ကျွန်တော်က မိသားစုမှာ အငယ်ဆုံးသားတယောက်ပါ…ပြီးတော့လည်း တော်တော်ဆိုးတဲ့ကောင်လေးပေါ့။ (ခုတော့လိမ္မာနေပါပြီ….နော်…..ဟီးဟီး…) လူကြီးမိဘပြောသလို လုပ်ချင်မှလုပ်…ဂျစ်ကန်ကန်နဲ့ ဂလန်ဂဆန် လုပ်တက်သူပါ။

အမှတ်ရနေတာလေးတခုက…..ကျွန်တော် မူကြို စတက်တဲ့နေ့ကပေါ့ ….ဆရာမက ရှေ့ဆုံးတန်းမှာလာထိုင်ခိုင်းပေမယ့်…..ပေကပ်ကပ်နဲ့ နောက်နားမှာသာထိုင်လို့ ဆရာမလစ်တာနဲ့ ထွက်ပြေးတော့တာပါပဲ…။ ဒါနဲ့ပဲ ဆရာမက ကျွန်တော်အမ (ထိုအချိန်က ပထမတန်း) တက်နေတဲ့သူကို အိမ်ကိုအကြောင်းကြားခိုင်း…အိမ်မှာလဲဈေးရောင်းနေတဲ့ အမေ ဈေးရောင်းတာခဏရပ်လို့ အဖေတို့ အကိုတို့ နှင့်အတူ ရပ်ကွက်လှည့်ပြီး ရှာဖွေရေးဆင်း…….ရှာတွေ့တော့လည်း…ကျွန်တော်ကအရင်ထွက်ပြေး အဖေတို့ အကိုတို့ကနောက်ကလိုက်နဲ့ လူခွဲ၍သော်၎င်း လမ်းပိတ်၍သော်၎င်း ဖမ်းကြရပါတယ်။….အဲဒီအချိန်က ကျွန်တော်တို့ရက်ကွပ်ထဲမှာ လမ်းကြာလေးတွေ အများကြီးရှိနေတာကလည်း ကျွန်တော့်အတွက်တော့ ခွင်ပဲပေါ့ဗျာ…..။ဒါပေမယ့်လဲ နောက်ဆုံးတော့ ကျွန်တော်ကို မိသွားကြတာပါပဲ….။ ဒီလိုနဲ့ ကျွန်တော်ကို ဆူပူ ကြိမ်းမောင်း ရိုက်နှက်ပြီး ကျောင်းပြန်ပို့ခဲ့ကြပါတယ်….

ကျောင်းပိတ်ရက်ဆိုရင် တော့လား မနက်မိုးလင်းကတည်းက ထွက်ပြီးကစားလိုက်တာ နေ့လည်ထမင်စားချိန်ရောက်မှ အိမ်ကလာခေါ်ရတာပါ။ သူများတွေနဲ့ ကစားရင်လဲ အငြင်းကသန်၊ ကိုယ်ရှုံးရင်လည်း သူများတွေဟာလုပြေးလို့ အမေရိုက်တာလဲ ခဏခဏပါပဲ….။……….ဒီလိုဒီလိုနဲ့ပဲ ကျွန်တော်ရဲ့ ငယ်ဘ၀လေး ကုန်ဆုံးခဲ့ပါတယ်။

အလယ်တတန်းရောက်လာတော့ စာပေနဲ့ အနည်းငယ်ထိတွေ့လာရတဲ့ ကျွန်တော်ဟာ ငယ်ငယ်ကလိုတော့ မဆိုးတော့ပါဘူး။….ဒါပေမယ့် လိမ္မာတယ်လို့လည်း မဆိုသာပါဘူး။…….ဒီလိုနဲ့ အလယ်တန်း၊ အထက်တန်း ပြီးတော့ စာပေနဲ့ စတင်ထိတွေ့ လာပါတော့တယ်……………….။သူငယ်ချင်းကောင်း မိတ်ဆွေကောင်း တွေနဲပေါင်းမိတာရော......၊ သူတို့တွေရဲ့ ကူညီအားပေးမှုတွေကြောင့်လဲ ပါပါတယ်။

အထက်တန်းပြီးတော့မှ စာအုပ်တွေကို ရှာဖွေဖတ်လာရတဲ့ အကြောင်းကတော့ ဆယ်တန်းကပြီး တက္ကသိုလ်ကလည်း မတက်ရသေး…..ငယ်ငယ်ကလိုလဲ မကစားချင်တော့ပီမို့ပါ။……….

ကျွန်တော် အများဆုံး ဖတ်ဖြစ်တဲ့ စာအုပ်တွေကတော့…..ဆရာပီမိုးနင်း၊ ဆရာဖေမြင့်၊ ဆရာကောင်းသန့်၊ ဆရာချစ်စံဝင်း တို့ရဲ့ တက်ကျမ်းတွေ…..ဆရာတော်ဉီးဇောတိက၊ ဆရာတော်ရှင်ဆန္ဒိက တို့ရဲ့ လောကီအမြင်၊ လောကုတ္တရာအမြင် စာအုပ်တွေ…….အခြားအခြားသော ဘ၀အမြင်နဲ့ စိတ်ဓာတ်ရေးရာ စာအုပ်တွေ…..ဖြစ်ပါတယ်…..ဒီစာပေတွေကပဲ ကျွန်တော့်ဘ၀ရဲ့ အတွေးအမြင် အယူအဆ တွေကို ပြောင်းလဲစေခဲ့ တာပါ……တနည်းအားဖြင့် ကျွန်တော်ကို ဘ၀လမ်းမှန်ပေါ်ရောက်အောင် တွန်းတင်ပေးခဲ့ကြပါတယ်…….အကျိုးကျေးဇူး အများဆုံးပေးခဲ့ပါတယ်……

ထို့ကြောင့် စာပေဟာ ကျွန်တော်ရဲ့ဘ၀ပင်လယ်မှာ ကမ်းမမြင်လမ်းမမြင် ကူးချင်ရာကူးနေတဲ့ ကျွန်တော်ကို ကမ်းကိုမြင် လမ်းကိုထွင်နိုင်အောင် မီးပြတိုက်တခုလို အလင်းရောင်တွေပေးလို့ ဘ၀အမှောင်ကိုအလင်းဆောင်စေခဲ့သူပါ…….

ကဲ သူငယ်ချင်း တို့တတွေလည်း ဘ၀အမှောင်မှာ အလင်းရောင်တွေထွန်းစေဖို့ စာပေကို အမြဲမပြတ် နေ့စဉ်

ဖတ်ဖတ်ကြ ပါစို့လို့ တိုက်တွန်းရင်း….. ကျွန်တော်နဲ့ စာပေ ကို အဆုံးသတ်လို့ ပို့စ် လုပ်လိုက်ပါတော့သည်…ခင်ဗျား……………………………

ကျွန်တော့်ကိုကျွန်တော်သုံးသပ်ခြင်း (သို့) ကျွန်တော် နှင့် ထိပ်ဆုံးသို့

ဒီနှစ်အတောအတွင်း ကျွန်တော် မကြာခဏ ဆိုသလို ရွတ်နေရတဲ့ ကဗျာလေးတပုဒ် ရှိပါတယ်။ ဘာလို့ရွတ်၇လဲ ဆိုတော့……ဒီနှစ်ပိုင်းတွေမှာ ကျွန်တော်ဘ၀ အတွက်တော့ ဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ် ဒါပေမယ့် လုပ်သလိုမဖြစ်တာကတမျိုး၊ ကြိုးစားမှုတွေကအရာမထင်တာကတဖုံ၊ တခါတလေကြတော.လဲ မိသားစုနဲ့

အမြင်မတူတာကတနည်း၊ ငွေရေးကြေးရေး အခက်အခဲကတသွယ် စသော…..အတားအဆီး အခက်အခဲတွေကြောင့် မကြာခဏဆိုသလို ကျွန်တော် စိတ်ဓာတ်ကျနေ တက်တာကြောင့်ပါ။ နောက်ပြီးတော့ ကဗျာလေး တွေကိုလဲ ချစ်တက်တာရယ်၊ ဒီကဗျာလေးရဲ့အဓိပ္ပါယ်ကလည်း သိပ်ကောင်းနေတာကြောင့် ရောပေါ့။

ဒီကဗျာလေးကို ရွတ်လိုက် တော့ ကျွန်တော်ရဲ့ စိတ်ဓာတ်ခွန်အားတွေ ပြန်ဖြည့်ပေးသလို …..ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ တွန်းအားတွေပေးနေသလို…..ဒါကြောင့်..ဒီကဗျာလေးကို သူငယ်ချင်းအပေါင်တို့အား ဝေမျှပေးချင်ပါတယ်။

ဒီကဗျာလေးကိုလည်း သူငယ်ချင်းတို့ သိပြီးသားဖြစ်မှာပါလေ။………ကဗျာလေးက…ဒီလိုပါ…..

"ထိပ်ဆုံးသို့"

တတောင်ပေါ် တတောင်ဆင့်

တောင်အမြင့် ပတ်ချာရံ

တတောင်ဆုံးပြန်တော့

တစ်လုံး ကျန်ပြန်ပေသမို့

ဖန်ဖန်လေအားအင်နှိုးလို့ရယ်

ကြိုးလျှောက်ရပြန်

ခါတလေတကယ်ပန်းတာကြောင့်

တော်ပါပြီ ဆက်မလှမ်းချင်ဘု

ရပ်တန်းက ရပ်မယ်ကြံ။

အမှန်တော့ ဖြစ်နိုင်ပမလား

စခဲ့မိတာပေါ့။

တစ်နေ့မှာဆုံးရာရောက်ပါလိမ့်

အားလျော့ခါ ဆုတ်ချင်စမ်းပါနဲ့။

စိတ်နွမ်းအသာဖြေဦး

မာလာငွေ ကန်ရေအေးရယ်နှင့်

ငှက်တေးကိုအာရုံဆင်လို့

ဇဗ္ဗူတခွင် အားအင်သစ်လိုက်မယ်

ချစ်ဖွယ့်လူသား။

***********

(အမည်မသိ ရှေးစာဆို)

ရေးခဲ့တဲ့ ကဗျာလေးပါပဲ။ ဒီကဗျာလေးရဲ့ အကြောင်း၊ ဒီကဗျာလေးရဲ့ အဓိပ္ပါယ်ဟာဖြင့် ယနေ့ခေတ် မြန်မာနိုင်ငံသား ကျွန်တော်တို့လူငယ်တွေရဲ့ အဖြစ်နဲ့ တိုက်ဆိုင်မှုရှိသလို….လိုက်နာဖို့လည်း သင့်လျော် ပါတယ်နော်။ ဒါကြောင့် ကျွန်တော်နဲ့ အတူ ကျွန်တော့ သူငယ်ချင်း အပေါင်းတို့လဲ ဘ၀ရဲ့ အခက်အခဲ အတားအဆီးတွေကြောင့် စိတ်ဓါတ်တွေကျနေမယ်ဆိုရင် ဒီကဗျာလေးကို ဖွင့်ဟဆို၊ ဘ၀မှာလည်း လက်တွေ့ အသုံးချပြီးကျွန်တော်တို့အားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင် ထိပ်ဆုံးသို့ ဆက်လက် တက်လှမ်း ကြပါစို့…ခင်ဗျား…..

ဒီ ဘလော့ ၏ ရည်ရွယ်ချက်

ကျွန်တော်ဒီပို့စ် လေးတွေကို ရေးရခြင်း အကြောင်း၊ ရည်ရွယ်ချက်တွေကတော့အများကြီး ပေါ့။

အဲဒီထဲကမှ အဓိကကျတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော့်ကိုကျွန်တော်နဲ့ ကျွန်တော်နဲ့ဘ၀တူ လူငယ်အပေါင်းကို အားပေလို စိတ်ကြောင့်ပါ။ လူလောကလူ့ဘ၀မှာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြပါတယ်။

လူ့ဘောင်လူ့လောကမှာ အဓိကကျတဲ့ လူ့အဖွဲ့အစည်းတခုဖြစ်တဲ့ လူငယ်တွေမှာလဲ ရိုးသားကြိုးစား တိုးတက်ဖြစ်ထွန်းချင်စိတ် ရှိတဲ့ လူငယ်တွေရှိသလို၊ ဘ၀ရည်မှန်းချက်မည်မည်ရရမရှိ ဝေလေလေလူငယ်တွေကလဲ အများကြီးပါပေ။ သို့ပေမဲ့ ကျွန်တော်ကတော့ လူတော်လူကောင်းတွေကို ပိုပြီးတော် ပိုပြီးကောင်းလာအောင်၊ လူငယ်လူဆိုးလေးတွေကိုလည်း ကြိုးစားချင်စိတ်ရှိလာအောင်၊ အလုပ်လုပ်ချင်စိတ်ရှိလာအောင် ကျွန်တော်တက်နိုင်သလောက်၊ တက်စွမ်းသလောက် ကူညီအားပေး တိုက်တွန်းချင်တာပါ….ခင်ဗျား………….

Monday, August 27, 2007

The Law of Success

1.Just one idea. 2.No risk no gain. 3.Believe in yourself. 4.Believe in your planning. 5.Believe in your capabilities.